မှတ်ချက်: nsmthailand.org ကို ပိတ်လိုက်ပြီးဖြစ်သည်။ nsmthailand.org တွင် ပါရှိသည့် သက်ဆိုင်ရာအချက်အလက်များကို https://capthailand.org/nsm တွင် တွေ့နိုင်ပါသည်။
NSM သည် မည်သို့သော အကာအကွယ်ကို ပေးပါသနည်း
အမျိုးသားစိစစ်ရေးယန္တရားအရ RTG မှ ‘ကာကွယ်စောင့်ရှောက်ခြင်းခံထားရသူ’ အဖြစ် အသိအမှတ်ပြုပါက သင့်အား အထူးအခြေအနေများအောက်တွင် ခေတ်တနေထိုင်ခွင့်ပြုနိုင်သည်။
လုံခြုံသော နေရပ်သို့ မိမိဆန္ဒအလျောက် ပြန်သွားရန် ကူညီပေးမည်။
အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုမရှိပါက နေရပ်ပြန်ပို့မည်မဟုတ်။
မည်သူက အရည်အချင်းပြည့်မီပါသနည်း
မည်သည့်နိုင်ငံခြားသားမဆို လျှောက်ထားနိုင်သည်။
လျှောက်လွှာ လက်ခံရရှိပြီး ၃၀ ရက်အတွင်း အရည်အချင်းရှိမရှိ ဆုံးဖြတ်မည်။
ဤဆုံးဖြတ်ချက်မှာ လျှောက်ထားနိုင်မှုအပေါ်သာ သတ်မှတ်သည်။
လျှောက်ထားမှု ပယ်ဖျက်ခံရပါက
အကြောင်းကြားခံရပြီး ၁၅ ရက်အတွင်း အယူခံဝင်နိုင်သည်။
အယူခံဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
အရည်အချင်းပြည့်မီပါက
ဆုံးဖြတ်ချက်ရပြီး ၆၀ ရက်အတွင်း ကော်မတီထံ အကာအကွယ်ပေးခံရသူအဖြစ် လျှောက်ထားရမည်။
မလျှောက်ပါက စွန့်လွှတ်လိုက်သည်ဟု သတ်မှတ်ပြီး ဥပဒေအရ အရေးယူနိုင်သည်။
မည်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိမည်နည်း
စိစစ်ရေးကော်မတီမှ ဆုံးဖြတ်သည်။
တာဝန်ရှိသူများတွင် နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လူမှုဖွံ့ဖြိုးရေး၊ တရားရေး၊ အလုပ်သမား၊ လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များ ပါဝင်သည်။
ကော်မတီမှ ငြင်းပယ်ပါက
အမှုကို ဥပဒေအရ တာဝန်ရှိသူများထံ လွှဲပြောင်းမည်။
ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး အယူခံမဝင်နိုင်ပါ။
ပြန်လည်ဖွင့်ရန် သို့မဟုတ် ပြန်လည်လျှောက်ထားနိုင်ပါသလား
မပြန်ဖွင့်နိုင်၊ မပြန်လျှောက်နိုင်။
သို့သော် ကော်မတီမှ အချက်အလက်အသစ်လိုအပ်ပါက နောက်ထပ်တောင်းဆိုမှုတင်နိုင်သည်။
အထောက်အထား ထုတ်ပေးပါမည်လား
ကော်မတီမှ အဆင့်အတန်းပေးပါက စိစစ်ရေးအရာရှိမှ အထောက်အထားထုတ်ပေးမည်။
အကျိုးကျေးဇူးများ
ခေတ်တနေထိုင်ခွင့်ရမည်။
နေရပ်ပြန်ရေး၊ တတိယနိုင်ငံပြန်လည်နေရာချထားရေးတွင် ကူညီနိုင်သည်။
ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုရနိုင်သည်။
အလုပ်လုပ်ခွင့်ရှိမည်လား
စည်းမျဉ်းတွင် မပါဝင်။
သို့သော် ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုရနိုင်သည်။
UNHCR မှ အသိအမှတ်ပြုထားပါက
မည်သည့်နိုင်ငံခြားသားမဆို လျှောက်ထားနိုင်သည်။
ကော်မတီသည် UNHCR အဆုံးအဖြတ်ကို စဉ်းစားနိုင်သော်လည်း တူညီနိုင်၊ မတူနိုင်သည်။
ပြန်လည်နေရာချထားနိုင်မည်လား
မသေချာသေး။
နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လုံခြုံရေး စသည့်အဖွဲ့များမှ ဆုံးဖြတ်သည်။
စကားပြန်ပေးပါမည်လား
မသေချာသေး။
ကိုယ်ပိုင်စကားပြန်ခေါ်လာနိုင်မှုလည်း မသေချာသေး။
အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံသားများလျှောက်ထားနိုင်မည်လား
မဆုံးဖြတ်ရသေး။
နောက်ထပ်အချက်အလက်များ
CAP သို့ 02 116 0405 / 02 116 0406 သို့ ဆက်သွယ်နိုင်သည်။
NSM video explainer in 9 languages ကို ကြည့်ရှုနိုင်သည်။
နည်းစဉ်ဇယား
